Routers တွေကာ OSI Reference Model ရဲ့ တတိယမြောက်Layer ဖြစ်တဲ့ Network layer မှာ အလုပ်လုပ်တာဖြစ်တဲ့တွက်ကြောင့် သူ့တို့ကို Layer 3 devices တွေလို့လည်း ခေါ်လို့ရပါသေးတယ်။ Routers တွေရဲ့ အခြေခံအလုပ်က နှစ်ခုရှိပါတယ်။
-
* သွားရောက်ရမယ့်နေရာ(Destination)ကို ရောက်ရှိဖို့ layer 3 လမ်းကြောင်းကိုရှာပေးဖို့ -
* Packets တွေကို သူ့ရဲ့နောက်ဆုံးလိုအပ်တဲ့ သွားရောက်ရမယ့်နေရာရောက်တဲ့အထိ interface တစ်ခုကနေ နောက်တစ်ခုစီိကို လက်ဆင့်ကမ်းပေးဖို့
ပထမလုပ်ဆောင်ချက်ကို ပြီးမြောက်ဖို့အတွက်ကာ Router ကာအောက်ဖော်ပြပါအတိုင်းဆက်လုပ်ဖို့ လိုပါတယ်။
-
- Router ကိုယ်တိုင်က မိမိနဲ့ကပ်လျက်ချိတ်ထားတဲ့ အခြား Routers တွေကို လေ့လာပြီး ဘယ်network ကို ဘယ်လမ်းကြောင်းကနေ ရောက်နိုင်မလဲဆိုတာကိုလေ့လာရပါမယ်။ -
- ရောက်ရမယ့် networks numbers တွေရဲ့ရှိနေတဲ့နေရာကိုရှာပေးရပါမယ်။ -
- ရောက်ရမယ့်နေရာတစ်ခုချင်းစီအတွက်ကို အကောင်းဆုံးလမ်းကြောင်းတွေ ရှာရပါမယ်။ -
- ရောက်ရမယ့်နေရာ ကွန်ယက်တွေ (Destination networks) တွေကို ဘယ်လိုရောက်အောင်သွားနိုင်သလဲဆိုတဲ့ routing information တွေကို နောက်ဆုံး up-to-date ဖြစ်နေအောင် ထိန်းသိမ်းနေရမယ်။
ဒုတိယမြောက်လုပ်ဆောင်ချက်ကို ပြီးမြောက်ဖို့ဆိုရင်တော့၊ Router ကာ ဝင်လာတဲ့ IP packet ထဲမှာပါတဲ့ ရောက်ရမယ့် (Destination IP address) နေရာကိုစစ်ဆေးပြီး၊ ရောက်ရမယ့်နေရာရဲ့ network number ကာဘာလဲဆိုတာကို ဆုံးဖြတ်ချက်ချတယ်။ ပြီးသွားရင် သူ့ရဲ့ကိုယ်ပိုင် Routing table ကိုနဲ့ကိုက်စစ်ပြီး လိုအပ်တဲ့ outgoing interface ပေါ်ကိုလွဲပေးလိုက်ပါတယ်။
နောက်ပိုင်းမှာ ကျွန်တော်ဆက်ပြီးဖေါ်ပြပေးမယ့် အပိုင်းတွေမှာ Routing table ဆိုတာဘာလဲ။ Routing Table ထဲမှာ ရောက်ရမယ့်နေရာရဲ့ network number တွေရဲ့စာရင်း(a list of destination network numbers) တွေရှိတယ် အဲဒီ network တွေရဲ့ အခြေအနေတွေ၊ အဲဒါတွေက ဘာလဲဆိုတော့ ဘယ်destination ကို ရောက်ဖို့ဆိုရင် ဘယ်interface ကို သုံးသင့်တယ်၊ အကယ်၍destinationကာ ဘေးချင်းကပ်လျက်ချိတ်ထားတဲ့router(neighbouring router) တစ်လုံးထက်မကကျော်ပြီးမှ ရောက်နိုင်တဲ့နေရာဆိုရင် ဘယ်(neighbouring router)ကို packet ကိုလွှဲပေးရမလဲ ဆိုတာတွေကို အချိန်ရသလို ဆက်လက်လက်ရေးသွားပေးပါ့မယ်။မျက်စိမှားစေတဲ့ Routing Protocol နဲ့ Routed Protocol ဆိုတာဘာတွေလဲဆိုတာကိုလဲဆက်လက်ရှင်းသွားပေးပါ့မယ်။
No comments:
Post a Comment