Monday 1 March 2010

စကားဝှက်အသစ် ပြန်ပေးကြရအောင်

password ပြောက်သွားလို့စိတ်ညစ်နေလား မိတ်ဆွေ၊ ဒါမှမဟုတ် မသိတဲ့ password ကို ဖျက်ပစ်ပြီးတော့ အသစ်လုပ်ချင်လို့လား လွယ်လွယ်လေးပါ။ ဘာမှ စိတ်မညစ်ပါနဲ့။ Trinity Rescue Kit 3.3 က ကူညီပေးပါလိမ့်မယ်။ ပေးထားတဲ့လင့်ခ် ကလေးကို သာသွားပြီးဒေါင်းလုတ်လုပ် CD မှာ Burn ပြီး live CD နဲ့ boot up လုပ် အောက်က ဗွီဒီယို လင့်ခ်ထဲကပြထားတဲ့ အတိုင်း ဆက်လုပ်လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။ အပျင်းပြေလေးပေါ့။ ဘယ်သူ့ကိုမှတော့ မထိခိုက်စေချင်ပါဘူး။ ကိုယ့်ရဲ့စက်၊ ဒါမှမဟုတ် တစ်ဦးတစ်ယောက်က သူ့ရဲ့ကိုယ်ပိုင်ပစ္စည်းအတွက် လိုအပ်တဲ့အချိန်မှာ အကူအညီတောင်းလာရင် ကူညီလို့ရအောင်လို့ တင်ပေးလိုက်ပါတယ်။ ကျေးဇူးပြုပြီးတော့ တပါးသူရဲ့ password ကို မတရားကျူးကျော် ဖျက်ဆီးပြီးဝင်ရောက်တာမျိုးကို မလုပ်စေလိုပါ။ ကိုယ်ပိုင်လွတ်လပ်ခွင့်(privacy) ကိုမချိုးဖေါက်စေလိုပါ။
ဒီလင့်ခ်ကနေ ဒေါင်းလုတ်လုပ်လို့ရပါတယ်။ ဘယ်လိုသုံးရတယ် ဆိုတာကိုတော့ အောက်က ဗွီဒီယိုလင့်ခ် ကလေးထဲကနေ သွားကြည့်လို့ရပါတယ်။ အဆင်ပြေကြပါစေ။


No comments:

Post a Comment